ရွာသစ် ဖေဖော်ဝါရီ ၂၂
ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် မီးလောင်မှုများ၊ မီးလန့်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၇)နာရီအချိန်က မြို့တွင်းရပ်ကွက်များသို့ လှည့်လည် ဆော်ဩခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ရွာသစ်မြို့ပေါ်ရှိ ရပ်ကွက်အတွင်း နေထိုင်ကြသူများ လျှပ်စစစ်မီး၊ မီးဖိုမိး သုံးစွဲရာ၌ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လောင်ဆာဆီများ ဖြည့်/လှယ်လျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မီးဖိုမီး၊ ခြင်ဆေးမီး၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်မီး များကို အသုံးပြုပြီးလျှင် ပြန်လည်စစ်ဆေး၍ အပြီးသတ် ငြှိမ်းထားကြရန်၊ လေပြင်းများလည်း အနည်းငယ် တိုက်ခိုက်လာပြီဖြစ်၍ အမှိုက်များ မီးရှို့ရာတွင် သတိထားကြရန်၊ အိမ်ပြင်ပသို့ ထွက်ခွာမည်ဆိုပါက မီးခလုတ် များအား သေချာစစ်ဆေးပြီးမှ ထွက်ခွာရန် ဆေးလိပ်မီးအား စည်းကမ်းမဲ့ စွန့်ပစ်ခြင်း မပြုကြရန်၊ ရပ်ကွက် အတွင်းရှိ အိမ်များနှင့် ရုံးများတွင် မီးချိတ်၊ မီးကတ်များ ထားရှိကြရန်နှင့် မီးသတ်ဆေးဗူးများအား ဆောင်ထား ကြရန် စသည့် သတိပြုရမည့် အချက်များကို ရွာသစ်နယ်မြေ မီးသတ်စခန်း လက်ထောက်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဇော်နှင့် ဝန်ထမ်းများက လိုက်လံနှိုးဆော် သတိပေးခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)