ရွာငံ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ စည်းကမ်းသက်မှတ်ချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေးနေမှုကို လစဉ် (၂၁)ရက်မှစ၍ လမကုန်ခင်တစ်ရက်အထိ ထုတ်ပေးလျက်ရှိသည်။
ပင်စင်လစာများထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်မန်နေဂျာ ဦးသိန်းထွန်းရွှေ နှင့်ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသက်မှတ်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေး၊ လက်သန့်ဆေးရည်များ၊ လက်ဆေးရန် ဘေစဉ်ဆပ်ပြာများ ထားရှိပေးပြီး e Pension Card အသုံးပြုကာ စနစ်တကျ ဘဏ်ဝန်ဆောင်မှုများဖြင့် ထုတ်ပေးလျက်ရှိသည်။
ရွာငံမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်အမျိုးအစားသုံးမျိုးဖြင့် ပင်စင်လစာထုတ်ယူသူ (၃၄၃)ဦးကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း (မြို့နယ်ပြန်/ဆက်)