နတ်မောက် ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာက ယင်းဆိပ်ယာယီပျိုးဥယျာဉ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် သစ်ပင်စိုက်ပျိုးရာသီ၌ အသင့်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်မျိုးစုံပေါင်း (၅၃၀၂၀) ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် သစ်ပင်စိုက်ပျိုးရာသီအတွက် ယင်းဆိပ် ယာယီပျိုးဥယျာဉ်၌ ကျွန်းပင် (၃၁၂၅)၊ ယူကလစ်ပင် (၃၀၈၂၀)၊ လျှော်ဖြူပင် (၄၁၄၅)၊ ယင်းမာပင် (၃၁၄၅)၊ မယ်ဇလီ (၂၁၄၅)၊ ရေတမာ ( ၁၆၄၅ )၊ တမာ ( ၁၆၄၅ )၊ ကုက္ကိုလ် (၂၁၄၅ )၊ ခရေ ( ၁၀၀၀ )၊ ဇီးဖြူ (၂၁၄၅ )၊ မကျည်း ( ၁၂၅ )၊ ဇောင်းပလွေး (၁၂၅)၊ ဆီသပြေ (၁၄၅)၊ စိန်ပန်း (၁၂၅)၊ မယ်ဇယ် ( ၁၄၅ )၊ ဗန်ဒါ (၁၄၅)၊ ဝါးဖြူ (၁၂၅)၊ ရှား (၁၂၅)၊ စုစုပေါင်း (၅၃၀၂၀) ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
“နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနအနေနဲ့ဆိုရင် တိုင်းဒေသကြီးရန်ပုံငွေနဲ့ နှစ်စဉ်နှစ်စဉ် ပျိုးပင်များပျိုးထောင် ထားရှိပြီး ကျေးရွာသုံးထင်းစိုက်ခင်းစိုက်ပျိုးရန် ယူကလစ်ပျိုးပင်ပေါင်း (၂၆၆၂၀) (၁၀ရာခိုင်နှုန်းအပိုဆောင်း အပါအဝင်) ပျိုးထောင်ထားခြင်းဖြစ်ပါတယ်၊ ပျိုးပင်ကြီး (၂၂၀၀) ကတော့ အထူးစိမ်းလန်းစိုပြေရေးအတွက် ပျိုးထောင် ထားရှိခြင်းနဲ့ ကျန်ရှိ (၂၄၂၀၀) ကတော့ ပြည်သူလူထု ကိုအခမဲ့ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ပြည်သူတွေအပြင်သစ်ပင်ကို စိုက်ပျိုးလိုတဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ ၊ NGO အဖွဲ့အစည်းတွေကနေ တောင်းလာရင် လည်း လျာထား ချက်အရ ခွဲဝေပြီးတော့ အခမဲ့ဖြန့်ဝေပေးသွာမှာဖြစ်ပါတယ်ဟု” မြို့နယ်သစ်တော ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးသက်ဝေအောင် ထံမှ သိရသည်။
လှဝင်း (နတ်မောက်)