အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် နှလုံးနှိုးစက်နှင့် မွေးကင်းစကလေး အနွေးပေးစက် ၁ စုံစီ ဝယ်ယူရန်အတွက် ဒေသခံ အလှူရှင်များက အလှူငွေများကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပေးအပ်လှူဒါန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် ကျောက်မဲခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မိုးထွန်း တို့က လက်ခံခဲ့ကြောင်း သိရသည်။
Jan 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 21,2021
တောင်သူများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီ က မိုင်းရယ်မြို့နယ်၊ ကောင်းမောင်ကျေးရွာအုပ်စုတွင် ပြုလုပ်သည်။
Jan 21,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒေသအဆင့်ရုံး လူထုအခြေပြုဗဟိုဌာန၌ ပြည်သူများအသိပညာဗဟုသုတ တိုးပွားလာစေဖို့အတွက် ပညာရေးဌာနနှင့်ပူးပေါင်း၍ စာပေအကျိုးကျေးဇူးအကြောင်း သိကောင်းစရာ Talk Show အစီအစဉ်ကို ယနေ့နံနက် (၁၀)နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လေယာဉ်ကွင်းပတ်လမ်းကွေ့နေရာများချဲ့ခြင်းနှင့် အနော်ရထာလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချူပ်ရေးအတွက် လူစည်ကားရာ မြို့မဈေးအတွင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများ၊ ဈေးရောင်း/ဈေးဝယ်ပြည်သူများအား အပြင်ထွက်တိုင်း Mask စနစ်တကျ တပ်ဆင်သွားလာစေရေးအတွက် Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၈:၃၀)အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီက အခွင့်အရေးလိုင်စင်များ စမ်းသပ် လေလံချ‌ထားပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံး ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 21,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးစီံမံချက် သံချဆေးပေါင်း တိုက်ကျွေးခြင်း လုပ်ငန်းတွင် ပါဝင်ခဲ့သော စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့ နေ့လယ် ၁၁ နာရီအချိန်က မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမတွင် ပြုလုပ်သည်။