မြိုင် ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးစီံမံချက် သံချဆေးပေါင်း တိုက်ကျွေးခြင်း လုပ်ငန်းတွင် ပါဝင်ခဲ့သော စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့ နေ့လယ် ၁၁ နာရီအချိန်က မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမတွင် ပြုလုပ်သည်။
အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဆင်ခြေထောက် ရောဂါ ကင်းဝေးရေးစီံမံချက် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့မှ (၁၇) ရက်နေ့အထိ ပြုလုပ်ခဲ့သည့် မြို့နယ်အတွင်း လူအားလုံး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော စေတနာ့ဝန်ထမ်း(၆၀)ဦး ကိုယ်စား တက်ရောက် လာကြသည့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အောင်ဇေယျက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သူရ(ပုံတောင်)