Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သန်လျင်၌ အသက် ၁၂ နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 28,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများအား ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၁၂ နှစ်အထက် ရှိသူများအား ယနေ့နံနက်ပိုင်းက သန်လျင်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး မြန်မာ၊ ကယားနှစ်ဘာသာဖြင့် အသိပေး နှိုးဆော်
Dec 28,2021
လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိလိုက်နာနိုင်ရေးနှင့် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကာကွယ်ရေး ကို မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများအား ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားသော နေရာများတွင် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့စက်တို့ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့က နေ့စဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း လွိုင်ကော် မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့ အ-ထ-က(၃)ကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Dec 28,2021
ကရင်ပြည်နယ်၊ ဘားအံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့်ဘားအံမြို့ အ-ထ-က(၃)ကျောင်း၌ ယမန်နေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့နယ်၌ ယာဉ်တိုက်မှုအန္တရာယ်လျော့ချနိုင်ရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 28,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှုများ မရှိစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ ယနေ့နံနက် ၉ နာရီခွဲအချိန် က မြို့အဝင်ငွေတောင်ပေါက်တံတားအနီး၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးချိုင့်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်
Dec 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် အားကစားနှင့်ကာယပညာ ဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်မှစတင်၍ မြို့မအား ကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိ၏ သက်တော်(၉၃)နှစ်ပြည့် ဝိဇာတပူဇာမွေးနေ့ အလှူပွဲကျင်းပ
Dec 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်၊ အဘိဓဇအဂ္ဂမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒစရိယ ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ၏ သက်တော်(၉၃)နှစ် ဝါတော် (၇၃)ဝါ ဝိဇာတပူဇာမွေးနေ့ အလှူပွဲကို ယနေ့နံနက်(၆) နာရီက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ ( ၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပွဲများကျင်းပ
Dec 28,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အားကစားပွဲများ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့နယ်၌ လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ ဓါတ်ပုံပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ
Dec 28,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် ပုံတူဆေးရောင်ခြယ်ပြိုင်ပွဲကို မွန်းလွဲ ၁ နာရီက Community Centre အခန်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23400
Page
23401
Page
23402
Page
23403
Current page
23404
Page
23405
Page
23406
Page
23407
Page
23408
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department