ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့မဈေးအတွင်းနှင့် လမ်းသွားလမ်းလာပြည်သူများအား Mask အခမဲ့ဖြန့်ဝေ

ရပ်စောက်  ဇန်နဝါရီ   ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချူပ်ရေးအတွက် လူစည်ကားရာ မြို့မဈေး အတွင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများ၊ ဈေးရောင်း/ဈေးဝယ်ပြည်သူများအား အပြင်ထွက်တိုင်း Mask စနစ်တကျ တပ်ဆင်သွား လာစေရေး အတွက် Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေးကော်မတီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ကော်မတီအဖွဲ့၊ မိခင်နှင့်ကလေး၊ အမျိူးသမီးရေးရာအဖွဲ့များ၊ ကြက်ခြေနီအသင်းအဖွဲ့တို့မှ ပူးပေါင်း၍ မြို့မဈေးအတွင်း ဈေးရောင်း/ဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများအား Mask တပ်ဆင်သွားလာခြင်းမရှိသူများကို Mask အခမဲ့ဖြန့်ဝေပေးခြင်းနှင့် လူစုလူဝေး မပြုလုပ်ကြရန်၊ အပြင်ထွက်သည့်အခါတိုင်း မဖြစ်မနေ Mask ကိုတပ်ဆင်ကြစေရန် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)