ကျွန်းစုမြို့တွင် အခွင့်အရေးလိုင်စင်များ စမ်းသပ် လေလံချထားပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ကျွန်းစု ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီက အခွင့်အရေးလိုင်စင်များ စမ်းသပ် လေလံချ‌ထားပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံး ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မိုးမိုးနွယ်နှင့် ကော်မတီဝင်များက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ကံမော်ကျေးရွာ၊ စခန်းသစ်ကျေးရွာ၊ ရေကန်တောင်၊ တီးပူကျေးရွာ နှင့် အခြားသော ကျေးရွာများမှ မြိတ်မြို့သို့ ကူးတို့ လေလံများနှင့် သားသတ်လိုင်စင်များ ‌စမ်းသပ်လေလံ ချထားပေးနိုင်ရေး တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထိုနောက် ကျွန်းစုမြို့ပေါ် အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်တို့ရှိ ကျောက်စီရေမြောင်း ပြုလုပ်ခြင်းနှင့် မြေသားလမ်း ဖောက်လုပ်ခြင်း၊ ကွန်ကရစ်တံတား ပြုလုပ်ခြင်းနှင့် မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှူခဲ့‌ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)