မိတ္ထီလာ ဒီဇင်ဘာလ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်ကျေးရွာ များတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လိုသူများနှင့် အခြေခံပညာ အထက်တန်းကျောင်းများရှိ အသက် ၁၆ နှစ်ပြည့်ပြီးသူ နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် ဇောင်ချမ်းကုန်း ကျေးရွာအုပ်စုတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံ ချက်ဖြင့် မြို့နယ်အတွင်းရှိ အရွယ်ရောက်ပြီးသူ နိုင်ငံသားအရည်အချင်းပြည့်ဝသူများအား နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီးမှုများအတွက် မိတ္တူ ထုတ်ပေးခြင်း၊ လဲလှယ် ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေးဇယား ရေးသွင်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ မြို့နယ် ဦးစီးမှူး ဦးဌေးဝင်း ဦးဆောင်၍ ဝန်ထမ်းများက ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့မှ ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်ကျေးရွာများနှင့် အခြေခံပညာ အထက်တန်းကျောင်းများတို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာမှ ဇောင်ချမ်းကုန်းကျေးရွာအုပ်စု အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လို သူများနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ အသက် ၁၆နှစ်ပြည့်ပြီးသူ နိုင်ငံသား စိစစ်ရေးကတ်မရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ မိတ္ထီလာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်း များကို ရပ်ကွက်ကျေးရွာများတို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ရပ်ကွက် (၁၄)ခု၊ ကျေးရွာအုပ်စု (၅၈)စုနှင့် အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်းတို့မှ နိုင်ငံသားစိစစ်ရေး ကတ် မရှိသူ အသက်(၁၆)နှစ်နှင့် အသက် (၁၈)နှစ်ကြား နိုင်၃(က) (၈၇၂)ဦး၊ အသက် (၁၈)နှစ်နှင့် အထက် နိုင်၆(က) ၁၂၆၁၇ ဦးနှင့် အိမ်ထောင်စုစာရင်း (၄၅၄)ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထက်များက ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ အိမ်တိုင်ရာရောက် ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)