မန့်ဟီးရိုးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

မန့်ဟီးရိုး ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဆိုင်းမိုင်က စာအုပ် စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ ထားသည်ကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆိုင်းမိုင်(မန့်ဟီးရိုး)