သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲပြုလုပ်

သာစည် ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre)  ခန်းမ၌  (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို  အလယ်တန်းအဆင့်စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်သင်းသင်းက ပြိုင်ပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် မိတ်ဆက်၊ အကြောင်းအရာ/အချက်အလက်၊ ပေါ်လွင် မှု၊ အမူအရာ၊ အသံနေအသံထား စသည်ဖြင့်အမှတ်ပေးစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။  ထို့နောက် ကျောင်းသား/သူများက မိမိတို့စိတ်ကြိုက် ပုံပြင်များဖြင့်  ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် သာစည်မြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူ ၅ဦး၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ  ကျောင်းသား/သူ  ၅ ဦးနှင့် သာစည်မြို့ အမှတ်(၂)ရပ်ကွက်  အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) မီးရထားမှ    ကျောင်းသား/သူ  ၄ ဦး စုစုပေါင်းကျောင်းသား/သူ ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး  ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများအား လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြင့်သွားမည် ဖြစ်ကြောင်း သိရ သည်။

အဆိုပါပြိုင်ပွဲသို့  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်း များ၊ အကဲဖြတ်အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ပေးသော မြို့နယ်မှစာရေးဆရာများ၊  ဆရာ/မများနှင့်ကျောင်းသား/သူများ၊ ကျောင်းသားမိဘများတက်ရောက်ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)