မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

မိုင်းယောင်း ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဒေသခံပြည်သူ ၁၇၅ ဦး လာရောက်ထိုးနှံကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

စတုတ္ထအသုတ်၊ ဒုတိယကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (SINOPHARM) ကို ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း