အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြန်/ဆက် ဦးစီးဌာနနှင့် Youth Club အဖွဲ့ တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီက အားကစားလှုပ်ရှားမှု Fitness Dance သရုပ်ပြခြင်းအား Online မှတစ်ဆင့် တင်ဆက်ရန်အတွက် ရိုက်ကူးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
Dec 30,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား ယနေ့နံနက် ၉ နာရီခွဲ အချိန်က ညောင်ဦးမြို့ လူစည် ကားရာနေရာများဖြစ်သည့် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး သည့် ရွှေစည်းခုံးဘုရား ဝေဇယန္တာဗိမ္ဗာန် တော်ကြီးနှင့် ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
Dec 30,2021
နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရူး အ.ထ.က(ခွဲ) ကျောင်း၌ မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီခွဲထိ ထင်းရူး အ.ထ.က(ခွဲ) ကျောင်း၌နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးသည်။
Dec 30,2021
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့်အားကစားပြိုင်ပွဲများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းထံမှသိရသည်။
Dec 30,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ပုံပြင်ပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန် အနောက်ပိုင်းခရိုင် (ဗဟန်း)လူထုအခြေပြုဗဟိုဌာန Community Center ၌ ကျင်းပရာကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာသည့် ကိုဗစ်-၁၉ကပ်ရောဂါစည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
Dec 30,2021
မြန်မာ့သိုင်းပညာကို သင်ယူတက်မြောက်စေရေး နိုင်ငံတော်ရဲ့ရည်မှန်းချက်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပေါင်မြို့နယ် အ.မ.က (မူလွန်) အင်းပိုင်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား မြန်မာ့သိုင်းအခြေခံသင်တန်းကို ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Dec 30,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနငါန်းဇွန်မြို့နယ်ရုံးမှမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်း သားကျောင်းသူများအား အခမဲ့ ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။