Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကြည့်မြင်တိုင်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်း(၆၄)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ
Jan 27,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ
Jan 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့ နံနက်(၈)နာရီခွဲအချိန်ခန့်မှစတင်၍ ကသာခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလတွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား ထောက်ပံ့နိုင်ရန် ဆွေးနွေးပွဲ ဆောင်ရွက်
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကြောင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော်မှ (၄)ကြိမ်မြောက် ထောက်ပံ့မှု ဆောင်ရွက်ခဲ့ပြီး မရရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ကျပ်နှစ်သောင်းနှုန်း ထောက်ပံ့နိုင်ရန်အတွက် မအူပင်မြို့နယ် ကိုဗစ်-၁၉ ဘဏ္ဍာရေး ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်မိ/ရပ်ဖများတွေ့ဆုံကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျေးရွာတာဝန်ခံရာအိမ်မှူး၊ ဆယ်အိမ်မှူး ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ် သင်တန်းပို့ချ
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ရွေးချယ်နိုင်ရေးအတွက် လုပ်ငန်းစဉ် သင်တန်းဆွေးနွေးပို့ချခြင်းကို ယမန်နေ့နေ့လည် ၂ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ ရေဖြူမြို့နယ်စုရပ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေးသွားရောက်ထိုးနှံ
Jan 27,2021
၂၀၂၁ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့မှစ၍ (ပထမ)အကြိမ်ကိုဗစ် ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကိုမြန်မာတစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေး လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြည်သူ့ဆေးရုံမှကျန်းမာရေးဝန်ထမ်းများသည်ယနေ့ နံနက် ၉နာရီက ရေဖြူမြို့နယ် စုရပ် တွင် သွားရောက် ထိုးနှံကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)စတင်ထိုးနှံ
Jan 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကုသရေးဦးစီးဌာနမှကျန်းမာရေး ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးကို ယနေ့ နံနက် (၈)နာရီခွဲတွင် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ဆေးရုံးသို့ သွားရောက်ထိုးနှံခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးချိုင့်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် စတင်ထိုးနှံခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)စတင်ထိုးနှံပေး
Jan 27,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၈)နာရီက ဘုတ်ပြင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23361
Page
23362
Page
23363
Page
23364
Current page
23365
Page
23366
Page
23367
Page
23368
Page
23369
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department