ညောင်ဦး ဒီဇင်ဘာ ၃၀
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား ယနေ့နံနက် ၉ နာရီခွဲ အချိန်က ညောင်ဦးမြို့ လူစည် ကားရာနေရာများဖြစ်သည့် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး သည့် ရွှေစည်းခုံးဘုရား ဝေဇယန္တာဗိမ္ဗာန် တော်ကြီးနှင့် ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ရက်နေ့တွင် ကျရောက်မည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များဖြစ်သည့် ကန္နီစာချုပ်၊ အောင်ဆန်-အက်တလီစာချုပ်၊ ပင်လုံစာချုပ်၊ လကျ်ာ-ဖရီးမင်းစာချုပ်၊ နု-အက်တလီစာချုပ်များ၊ ၁၉၄၆ခုနှစ် ဇန်နဝါရီ ၂၀ ရက်၊ အလယ်ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့် အမျိုးသားညီညွတ်ရေး မိန့်ခွန်း ကောက်နှုတ်ချက်၊ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည် ချက် (၄) ရပ်၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့် လွတ်လပ်ရေးကိုကာကွယ်ရမယ် မိန့်ခွန်း ကောက်နှုတ်ချက်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာမျိုးချစ်အားနှင့်ကာကွယ်ပါ၊ ကာတွန်း လှထွဋ်ဦး၏ လွတ်လပ်ရေး ရယူခဲ့ရသည့် သရုပ်ဖော်ကာတွန်း၊ ကဗျာဆရာ ဖိုလေးလုံးသောင်းကိုကို၏ တို့များဆင်မြန်း လွတ်လပ်ပန်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လပြည့်၊ နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သတ်၍ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိကမိန့်ခွန်းကောက်နှုတ်ချက်၊ ကမ္ဘာတည်သရွေ့ စောင့်ရှောက်၊ သွေးစည်းချစ်ကြည်လက် ချင်းဆက် လွတ်လပ်ရေးသည်တို့အသက် စသည့်ခေါင်းစဉ်များ ပါဝင်သော ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ချိုချိုမာနှင့် ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD