ပေါင် ဒီဇင်ဘာ ၃၀
မြန်မာ့သိုင်းပညာကို သင်ယူတက်မြောက်စေရေး နိုင်ငံတော်ရဲ့ရည်မှန်းချက်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပေါင်မြို့နယ် အ.မ.က (မူလွန်) အင်းပိုင်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား မြန်မာ့သိုင်းအခြေခံသင်တန်းကို ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ့သိုင်းအခြေခံသင်တန်းတွင် ကျောင်းသား/ကျောင်းသူ ၅၆ ဦးအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးသီတာအောင်မှ အချိန်(၃)ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့သိုင်းပညာကို သင်ယူတက်မြောက်ထားပါက မတော်တဆအရေးကြုံလာရင် မိမိကိုယ်ကိုခုခံကာကွယ်နိုင်စေခြင်း၊ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု တိုးတက်စေခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုနှင့်လေးစားမှုများ တိုးတက်လာစေခြင်း၊ ရိုးရာအမွေကို ထိန်းသိမ်းစောင့်ရှောက်စေခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ထက်သန်စေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိစေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိစေကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပေါင်မြို့နယ်(ပြန်/ဆက်)