ဗဟန်းမြို့နယ်၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ စကားပုံဆက်ပြိုင်ပွဲနှင့် ပုံပြင် ပြောပွဲကျင်းပ

ရန်ကုန်  ဒီဇင်ဘာ  ၃၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ပုံပြင်ပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန် အနောက်ပိုင်းခရိုင် (ဗဟန်း)လူထုအခြေပြုဗဟိုဌာန Community Center ၌ ကျင်းပရာကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာသည့် ကိုဗစ်-၁၉ကပ်ရောဂါစည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲများတွင်​ ကျောင်းသား၊​​​ကျောင်းသူလူငယ်လူရွယ်များ လွတ်လပ်​ရေးဆိုင်ရာ ဗဟုသုတများ သိရှိနားလည်ပြီး၊ ဉာဏ်ရည်ထက်မြက်သည့် ဘက်စုံထူးချွန်သော လူရည်မွန်၊ လူရည်ချွန်များ ဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓါတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓါတ် ရှင်သန်ထက်မြက်ပြီး နှောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရမည့်လူချွန်၊ လူ​ကောင်းများဖြစ်လာ​စေရန် ရည်ရွယ်၍ ကျင်းပရာ ဗဟန်းမြို့နယ် အမှတ်(၂) အ​ခြေခံပညာအလယ်တန်း​ကျောင်းမှ ​ကျောင်းသား​ကျောင်သူများ ပါဝင် ယှဉ်ပြိုင်ကြသည်။

​ရှေးဦးစွာ ရန်ကုန်အ​နောက်ပိုင်းခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရုပ်သံ(၃) ​ဒေါ်မြနှင်း​ဝေက လွတ်လပ်​ရေးနှင့် ပတ်သက်သည့် သိ​ကောင်းစရာအသိပညာ​ပေးပုံပြင်များကို​ ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပရာ​ဆေး​ရောင်စုံခြယ်ပြိုင်ပွဲတွင်​ ကျောင်းသား၊​ ကျောင်းသူ(၂၀) ဦးဖြင့် လည်း​ကောင်း စကားပုံ ဆက်ပြိုင်ပွဲတွင်​ ကျောင်းသား ကျောင်းသူ (၃၀) ဦးဖြင့်လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိ​သော ​ကျောင်းသား၊​ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး​ပေးအပ်ချီးမြှင့်ခဲ့​ကြောင်း သိရသည်။

ထို​နောက်ရန်ကုန်အ​နောက်ပိုင်းခရိုင် ဝန်ထမ်းများက (၇၄)နှစ်​မြောက်လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာ​စောင်များကို အမှတ်(၂)အ​ခြေခံပညာအလယ်တန်း​ကျောင်းမှ​ ကျောင်းသား​ ကျောင်းသူများကို အခမဲ့ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရှိရသည်။

​အောင်မြင့်