တကောင်း ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြန်/ဆက် ဦးစီးဌာနနှင့် Youth Club အဖွဲ့ တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီက အားကစားလှုပ်ရှားမှု Fitness Dance သရုပ်ပြခြင်းအား Online မှတစ်ဆင့် တင်ဆက်ရန်အတွက် ရိုက်ကူးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Fitness Dance သည်ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ကိုယ်လက်လှုပ်ရှား အားကစားနည်း ဖြစ်၍ Online မှ တင်ဆက်ခြင်းဖြင့် လူကြီးလူငယ်မရွေး လိုက်ပါကစားနိုင်သည့် အားကစားလှုပ်ရှားမှု တစ်ခု ဖြစ်သည်။
တကောင်းမြို့ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းများ၊ အရုပ် ခေါက်ခြင်း စသည့် အစီစဉ်များစွာကို Online မှ ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
သီရိအောင် (တကောင်း)