သံဖြူဇရပ်မြို့နယ် ထင်းရူး အ.ထ.က(ခွဲ)ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်

သံဖြူဇရပ် ဒီဇင်ဘာ ၃၀

နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရူး အ.ထ.က(ခွဲ) ကျောင်း၌ မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီခွဲထိ ထင်းရူး အ.ထ.က(ခွဲ) ကျောင်း၌နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးပြီး ကျောင်းသား(၄၃)ဦး၊ ကျောင်းသူ(၆၁)ဦး ဆောင်ရွက်ပေး လျက်ရှိရာ စုစုပေါင်း(၁၀၄)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက် ပေးနေမှုများနှင့် မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)