ငါန်းဇွန်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ငါန်းဇွန် ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသားကျောင်းသူများအား အခမဲ့ ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင်၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဉီးတည်ချက်(၄)ရပ်၊ ၂၀-၁-၁၉၄၆ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင် ဆန်း ပြောကြားသောမိန့်ခွန်း ကောက်နုတ်ချက်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏(၆)လပြည့် နိုင်ငံတော်တာဝန်ထမ်း ဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္က၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား သည့်မိန်ခွန်းကောက်နုတ်ချက်၊ ဖိုလေးလုံးသောင်းကိုကို၏ တို့များဆင်မြန်းလွတ်လပ်ပန်း(ကဗျာ)နှင့် ကာတွန်းတို့ ပါရှိကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)