ပိုင်ကျုံ ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာများ သို့ ကရင်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိသည်။
ထိုသို့ အသိပေးနှိုးဆော်ရာ၌ ပြည်သူများအနေဖြင့် မျိုးဗီဇပြောင်းအိုမီခရွန် ကိုဗစ်-၁၉ ရောဂါ သည် မိမိတို့နိုင်ငံတွင်မဖြစ်သေးသော်လည်း အခြားသောနိုင်ငံများတွင် စတင်ဖြစ်ပေါ်လျက်ရှိသဖြင့် မိမိတို့ ကျေးရွာအတွင်း မဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများ အနေ ဖြင့် ကာကွယ်ရေး လုပ်ငန်များဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အကြိမ်အပြည့်အဝ ထိုးနှံထားကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အပြင်ထွက်တိုင်းပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/ နှာချေလျှင် တစ်ရှူး(သို့မဟုတ်) တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောခြင်းများဖြင့် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် တိုက်ထုတ်ကြရန် အသိပေး၊ သတိပေးခြင်းများကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ပြီး အခြားနေ့ရက်များတွင်လည်း ရပ်ကွက်/ကျေးရွာသို့ ဆက်လက်နှိုးဆော်ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။
ပိုင်ကျုံ(ပြန်/ဆက်)