ကျောက်တံတားမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ

ကျောက်တံတား ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ  () ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ် မြောက်လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် အထကကျောက်တံတားတွင် ကျောင်းသားကျောင်းသူများအား ယနေ့နံနက်ပိုင်းမှစ၍ စည်ကားသိုက်မြိုက် စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် မူလတန်းအဆင့်‌အား အာလူးကောက်၊ အိတ်စွပ်ပြိုင်ပွဲများ ကျင်းပပေးပြီး အလယ်တန်းနှင့် အထက်တန်းအဆင့်အား လွန်ဆွဲပွဲ၊ ထုပ်ဆီးတိုး ပြိုင်ပွဲများ ကိုလည်း အသီးသီးပါဝင်ယှဉ်ပြိုင်စေခဲ့ကြောင်း၊ ထိုသို့ပြိုင်ပွဲများ ကျင်းပရခြင်းဖြင့် ကျောင်းသားကျောင်းသူများမှ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုး ထားတက်စေရန်၊ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်တက်စေရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် စုပေါင်း ဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်း များ ရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ် ပေးခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင်ဆုရရှိသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ဆန်းမှ ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)