မင်းဘူး ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါများ လျော့ကျစေရန်နှင့် နောက်ထပ်ကူးစက်ဖြစ်ပွားလာသည့် အိုမီခရွန်ဗီ ဇပြောင်းမျိုးကွဲသစ်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် မင်းပူးဦးဩဘာသခန်းမနှင့် စကုမြို့ကန်ဦး သဘာဝတရားရိပ်သာတို့တွင် ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ဒီဇင်ဘာလ ၂၉ ရက် ညနေ ၃ နာရီအချိန်က လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ထိုကဲ့သို့ နှိုးဆော်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့မှဝန်ထမ်းများက မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရွှေတပင်၊ ထောက်ရှာပင် ရွာသာ၊ ကန်ရေစသောကျေးရွာများသို့ အသိပေးနှိုးဆော်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုလက်ရှိ Phase-4 နှင့် Phase-5 ဆေးများထိုးပြီးသည်အထိ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၆၉၉၃၇ ဦးနှင့် ကျောင်း သား/ကျောင်းသူ ထိုးနှံပြီးသူပေါင်း ၇၅၄၆ ဦးခန့် ထိုးပြီးသွားပြီဖြစ်သော်လည်း ဆေးထိုးရန် ကျန်ရှိနေသူများကို မင်းပူးဦးဩဘာသခန်းမနှင့် စကုမြို့ကန်ဦးသဘာဝ တရားရိပ်သာတို့တွင် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း အသိပေးနှိုးဆော်ခဲ့ကြသည်။
ဇေယျာထက် (မင်းဘူး)