မရမ်းကုန်း ဒီဇင်ဘာ ၃၀
ကျောင်းသားလူငယ်များ ဆေးလိပ်ဆေးရွက်ကြီးသောက်သုံးမှုမှ ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲ၌ မြို့နယ်အတွင်းရှိမူလတန်း အဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၉) ဦး၊ အလယ်တန်းအဆင့် ကာတွန်းပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၈) ဦး၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ (၁၅) ဦးတို့ ယဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)