မိုင်းယောင်း ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်း တမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် နှစ်ရှည်ပင်စိုက်ပျိုးရေးအဖွဲ့မှ PPE ဝတ်စုံ ၃၅ စုံကို ယနေ့နံနက်ပိုင်းက လာရောက်လှုဒါန်းကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကျန်းမာရေးဌာနနှင့်အတူ ရှေ့တန်းနေရာမှ စွမ်းစွမ်းတမံ ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း