Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပေါင်းတည်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု လျော့နည်း ကျဆင်းနေသော်လည်း အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိရာ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron) အပါအဝင် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက မင်းကွက် (၁) ရပ်ကွက်အတွင်း လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေ
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီက မင်းလှမြို့အဝင် တြိဂံလမ်းဆုံ၊ ပြည်တော်သာလမ်းနှင့် ဇေယျာသီရိ ဈေးတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းသား/သူများနှင့် ပြည်သူများအား (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပေါက်ခေါင်းမြို့ရှိ အခြေခံပညာကျောင်းများနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ မျိုးစေ့လုပ်ငန်း (RS-CS) စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် ဓာတ်မြေဩဇာ ပေးအပ်ပွဲကျင်းပ
Dec 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးရုံး၌ ပဲပုပ်မျိုးစေ့ထုတ်နှင့် စံပြကွက် စိုက်ပျိုးမည့်တောင်သူများအား ရေဆင်း-၁၅ ပဲပုပ်မျိုးစေ့နှင့် သွင်းအားစုများထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ် ယင်းမာပင်ကျေးရွာ မြေနီလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှု ကွင်းဆင်း စစ်ဆေး
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၁-၂၀၂၂ခု ခြောက်လဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးလက်လမ်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရွှေ့ကြို့ပင်ကျေးရွာအုပ်စု ယင်းမာပင်ကျေးရွာ၌ ခင်းကျင်းပြီးစီးသော မြေနီကျောက်စရစ်လမ်းအား ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်နှင့် ဝန်ထမ်းများက ဒီဇင်ဘာ ၃၀ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲနှင့် စာစီစာကုံး၊ ကျပန်းစကားပြော ပြိုင်ပွဲများ ကျင်းပ
Dec 30,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် အလယ်တန်း၊ မူလတန်းကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲနှင့် စာစီစာကုံး၊ ကျပန်းစကားပြော ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ မင်းစုရပ်ကွက်ရှိ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၌ မူလတန်းအဆင့် မီတာ (၅၀) အပြေး၊ မီတာ (၅၀)အာလူးကောက်၊ မီတာ(၅၀)အိတ်စွပ်၊ အလယ်တန်းအဆင့် မီတာ(၅၀) ထုပ်စည်းတိုး၊ အာလူးကောက်နှင့် အထက်တန်းအဆင့် မီတာ(၅၀) အိတ်စွပ်၊ ထုပ်စည်းတိုး၊ လွန်ဆွဲ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Dec 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့်အားကစားပြိုင်ပွဲများပြုလုပ်
Dec 30,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် အားက စားပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ပြုလုပ်ကျင်းပပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23348
Page
23349
Page
23350
Page
23351
Current page
23352
Page
23353
Page
23354
Page
23355
Page
23356
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department