အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်က  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းအားကစားပြိင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက်‌နေ့က စတင်ကျင်းပခဲ့‌ကြောင်း သိရသည်။
Dec 30,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပုလဲသွယ်(စပ်မျိုးစပါး) စံကွက် ရိတ် သိမ်းပွဲကို ယမန့်နေ့က  ညောင်အုပ်ကျေးရွာအုပ်စု မြို့ကုန်းကျေးရွာ၊ ကွင်းအမှတ် ၂၉ ၊ ဦးပိုင်အမှတ် ၁၀၆/၁ ရှိ တောင်သူ ဦးပု၏ ပုလဲသွယ်(စပ်မျိုးစပါး)စိုက်ဧက ၁ ဒဿမ ၂၀ဧကတွင် ဆောင်ရွက်ခ ကြောင်း သိရသည်။
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သဖန်းပင်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆေးထိုးစုရပ်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 30,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ခုနှစ် မိုးစပါး ရာသီတွင် ရာသီစပါး (ပေါ်ဆန်းဘေးကြား) စပါးမျိုးအား စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မျိုးသန့်မျိုးစေ့ထုတ်ရန် စိုက်ပျိုးထားသည့် နွားရေတိုက်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ တောင်သူဦးအောင်မျိုးဝင်း စိုက်ပျိုးထားသည့် ကွင်းအမှတ် (၈၃၁) ရာသီစပါး (ပေါ်ဆန်းဘေးကြား) စိုက်ခင်း (၅.၀၀)ဧကကို စရိတ်သိမ်းခဲ့ကြောင်း သိရသည်။   
Dec 30,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း  ကျေးရွာများသောက်သုံးရေလိုအပ်မှု မရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်  တဘက်ဆွဲ ကျေးရွာအုပ်စု မြေတော်ကျေးရွာ၊ ဝန်းသိုကျေးရွာအုပ်စု  အရေးမဆို    ကျေးရွာတို့တွင်  ရေစင်ရုံတည်ဆောက်နေမှုကို  ယနေ့ နံနက်(၁၁)နာရီက  ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 30,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော ငွေလုံးငွေရင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ခြောက်လတာ ကာလအတွင်း ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဆောင်ရွက် ပေးခြင်းကို စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)ဖြင့် တောင်တွင်းကြီးမြို့နယ် ရွာမနား(တောင်) ကျေးရွာနေ ပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။