လက်ပံတန်း ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင် နှစ်တွင် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းကစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် မူလတန်းအောက်အဆင့် ကျောင်းသား/သူများက ပူပေါင်း ဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ မူလတန်းအထက်အဆင့်တွင် အိတ်စွပ်ပြိုင်ပွဲ၊ မီတာ ၅၀ အပြေးပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အလယ်တန်းနှင့် အထက် အဆင့် ကျောင်းသားများက မီတာ ၁၀၀ အလွတ်ပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော် ခြင်းပြိုင်ပွဲ၊ Small goal ပြိုင်ပွဲများကိုလည်းကောင်း၊ ကျောင်းသူများက ထုပ်ဆီးတိုး ပြိုင်ပွဲများကိုလည်းကောင်း အသီးသီးပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရ သည်။
ထိုသို့ပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ ကျောင်းသား/သူများမှ လွတ်လပ်ရေးကို မြတ်နိုး တန်ဖိုးထားတတ်စေရန်၊ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တတ်စေရန်၊ အားကစား စိတ်ဓာတ်ကို အရင်းခံ၍ အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ဇွဲရှိမှု သည်းခံမှု၊ စိတ်ဓာတ် ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့ စိတ်ဓာတ်ရှိမှု၊ စည်းကမ်းလိုက်နာမှု၊ ယဉ်ကျေးသိမ်မွေ့မှုနှင့် နိုင်ငံ့သားကောင်းများဖြစ်သော အရည်အသွေးကောင်းများ ရရှိလာစေရန်နှင့် လွတ်လပ်ရေးနေ့ အနှစ်သာရဖြစ်သော ပျော်ရွှင်မှုကို ခံစားရရှိစေရန် ရည်ရွယ် ကျင်းပပြုလုပ် ကျင်းပခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင့်နန္ဒာဌေး