မော်လမြိုင် ဒီဇင်ဘာ ၃၀
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုပြင်းထန်သည့် ကာလအတွင်း ခေတ္တရပ်ဆိုင်းထားရသည့်မိုဘိုင်း စာကြည့်တိုက်စာငှား စနစ်ဖြင့်ဆောင်ရွက်ပေးခြင်းကိုမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည်ယနေ့ နံနက်ပိုင်းကစတင်ကာ ပြည်နယ်အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းကျောင်းနှင့် စက်မှုကြီးကြပ်ရေး ဦးစီးဌာနရုံးတို့တွင် စာအုပ်၊ စာစောင်များငှားရမ်းခြင်းနှင့် ကိုဗစ်-၁၉အသိပညာပေး လုပ်ငန်းများကိုကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ပေးရာတွင် စာငှား၊ စာဖတ်ပရိတ်သတ်များ စိတ်ဝင်စားပြီးဗဟုသုတ များစွာရစေမည့် သုတ၊ ရသစာအုပ်များအား ငှားရမ်းပေးခဲ့ပြီး အလားတူပြည်သူများအား ကိုဗစ်-၁၉ အသိပညာပေး ဗီနိုင်းချိတ်ဆွဲခြင်းနှင့် အသံချဲ့စက်ဖြင့် နှိုးဆော်ပေးခြင်းကို ဝန်ထမ်းများက ဆောင်ရွက်ပေးသည်။
မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုဘိုင်းစာကြည့်တိုက်စနစ် ဖြင့်စာအုပ်၊ စာစောင်များ ငှါးရမ်းပေးခြင်း၊ ကိုဗစ်-၁၉အသိပညာပေး နံရံကပ်စာစောင် များပြသပေး ခြင်းသည်ကိုဗစ်-၁၉ကာလအတွင်း ရုံးစာကြည့်တိုက်သို့ လာရောက်မဖတ်ရှုနိုင်သူများအတွက်စာအုပ်၊ စာပေနှင့်စဉ်ဆက်မပြတ်ထိတွေ့နေစဉ်ရန်နှင့် စာပေမှရရှိသည့် အသိပညာ များပြန်လည်မျှဝေပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)