အင်္ဂပူမြို့ အမှတ်(၃)ရပ်ကွက်တွင် အရေးပေါ် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်းစစ်ဆေး

အင်္ဂပူ  ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့  အမှတ်()ရပ်ကွက်အတွင်း အရေးပေါ် မီးလောင်မှု ဖြစ်ပွားပါက ရေအလွယ်အကူရရှိနိုင်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအသိ၊ သတိရှိစေ​​ရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်းတာ၀န်ခံ ဦးတင်မောင်ထွေးနှင့် တပ်ဖွဲ့၀င်‌()ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ညိုတို့ ဦးဆောင်၍ ရပ်ကွက်နေ လုပ်သားပြည်သူများအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

အရေးပေါ် မီးဘေးအန္တရာယ် မီးလောင်မှု ဖြစ်ပွားပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရေအလွယ်အကူရရှိနိုင်ရေး၊ မီးသတ်ဆေးဘူးများ ထားရှိခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ firepoint များ စစ်ဆေးခြင်း၊ အရေးပေါ် အပေါ့စား ရေစုပ်စက်များ စစ်ဆေးခြင်း၊ အရေးပေါ် အဝင်ထွက်လမ်းများ သတိပေးဆိုင်းပုဒ်များ ဆောင်ရွက်ထားရှိခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊  သဘာ၀ရေကန်များ၊ အုတ်ရေကန်များ၊ ရေငုတ်များ ကောင်းမွန်ခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးခဲ့ကြပြီး မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး အသိ၊ သတိ ရှိစေရေးတို့အတွက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)