ကော့မှူးတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး Talk Show ကျင်းပ

ကော့မှူး ဒီဇင်ဘာ ၃၀

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲကို ရန်ကုန် တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေး ဆွေးနွေးပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ဇာခြည်စိမ့်က မြို့နယ်‌နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား “လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းများ” လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အခုလို အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကော့မှူးမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး ဦးခင်ဇော်(ခင်ဇော်ကော့မှူး)မှ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးဆုံရှုံးမှုကြောင့် ရင်ဆိုင်ကြုံတွေခဲ့ရသည့် အခက် အခဲများ၊ လွတ်လပ်ရေးရရှိအောင် တိုင်းရင်းသား ခေါင်းဆောင်များ၏ အသက်သွေးချွေးများကို စတေး၍ ရယူဆောင်ရွက်ခဲ့ပုံ၊ လွတ်လပ်ရေး ဖခင်ကြီးဟု ခေါ်ဆိုထိုက်သော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ မြန်မာလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြ သော အခြားသောသူရဲ‌ ကောင်းကြီးများ၏ သမိုင်းဝင်မှတ်တမ်းများ၊ ၂၀၂၂ ခုနှစ် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်တို့အား ဆွေးနွေးပြောကြားခဲ့သည်။

ကျော်သူရ ကော့မှူး