ပင်းတယ ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေး၊ ပြည်သူတွေရဲ့ အင်အားသည်သာအဓိက (နိုင်ငံခေါင်းဆောင်ကြီးများ၏ မိန့်ခွန်း ကောက်နုတ်ချက်များ) စာရေးဆရာဖိုလေးလုံးသောင်းကိုကို ရေးသားသော တို့များ ဆင်မြန်းလွတ်လပ်ပန်း(ကဗျာ)၊ "လွတ်လပ်ရေးနှင့် အချုပ်အခြာမျိုးချစ်အားနှင့် ကာကွယ်ပါ"၊ "သွေးစည်းချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည် တို့အသက်" ဆောင်ပုဒ်များ၊ ကမ္ဘာတည်သရွေ့ မြန်မာ့လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့တိုင်းရင်းသား အားလုံးက ပြည်ထောင်စု စိတ်ဓါတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု စိတ်ဓါတ်တို့ဖြင့် ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင့် လွတ်လပ်ရေးနေ့ အသိပညာပေး ရုပ်ပြများ ပါဝင်ကြောင်း သိရသည်။
ပင်းတယ(ပြန်/ဆက်)