ဝန်းသို ဒီဇင်ဘာ ၃၀
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခွင်ကြည်နှင့်ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (ဝန်းသို)တွင် ပညာသင်ကြားနေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား သွားရောက်ဖြန့်ဝေ ပေးခဲ့သည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်မှ ကောက်နုတ်ချက်အကြောင်း အရာများ၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ် လျှောက်ချုပ်ဆိုခဲ့သောစာချုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်အကြောင်းအရာများ၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ပထမဆုံး သော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက် အကြောင်းအရာများ၊ ကာတွန်း၊ ကဗျာစသည့် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများကို ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)