သံတွဲမြို့တွင် ခရမ်းမော်ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်ပွဲကျင်းပ

သံတွဲ ဒီဇင်ဘာ ၃၁

သံတွဲမြို့နယ်၊ ကင်းမော်ကျေးလက်ကျန်းမာရေးဌာန၊ ခရမ်းမော်ကျေးလက် ကျန်းမာရေးဌာနခွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ အဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရမ်းမော်ကျေးလက် ကျန်းမာရေးဌာနခွဲကို ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ထွန်းခိုင်၊ ကင်းမော်ကျေးလက်ကျန်းမာရေးမှူး ဦးမြင့်ထွန်းနှင့် ခရမ်းမော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြ ပြီး ဒေါ်ကေကေအေး မိသားစုမှ လှူဒါန်းသည့် Oxygen Concentrator တစ်လုံးအား အလှူရှင် ကိုယ်စား ဦးမြင့်စံမှ လှူဒါန်းရာ ခရိုင်ဆရာဝန်ကြီးမှ လက်ခံရယူခဲ့သည်။ ထို့နောက် တက်ရောက် လာကြသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ ခရမ်းမော်ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အဆောက်အဦသစ်မှာ (၃၀ x ၄၁ x ၁၁) ပေရှိပြီး ဝန်ထမ်းအိမ်မှာ (၂၅ x ၃၈ x ၁၁) ပေရှိကာ (၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း (၇၀)ဖြင့် ရက္ခိတသီဟကုမ္ပဏီမှ ဆောက်လုပ်ခဲ့ကြောင်း ခရိုင်ကျန်းမာရေးဦးစီး ဌာနမှ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)