မြောက်ဦး ဒီဇင်ဘာ ၃၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ညောင်ပင်ဈေးရပ်ကွက်ရှိ အဆိုပါ မီးသတ် စခန်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် မြောက်ဦးမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်မှ သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင် တန်းဆင်းပွဲမှ သင်တန်းဆင်း အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းမှ ပို့ချ သင်ကြားပေးလိုက်သည့် စာတွေ့နှင့် လက်တွေ့ပညာရပ်အား (၂၅)ရက်ကြာ သင်ကြားပို့ချပေး ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစန်းလွင်မှ အရန်မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ ရပ်ကွက်နှင့် ကျေးရွာများတွင် မကြာခဏကြုံတွေ့ရသော မီးဘေးအန္တရာယ်နှင့် မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေးများ ဖြစ်ပေါ်လာပါက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကိုလည်း တစ်ဘက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနိုင်မည့်အပြင်၊ မီးငြိမ်းသတ်ရေး ပညာရပ်များ၊ လက်နက်မဲ့အခြေခံစစ်ရေးပြသင်တန်း၊ အသက်ကယ်ဆယ်ရေး ပညာရပ်များ၊ လတ်တလော မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)