မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင် (မွန်ပြည်နယ်)မှ စံညီစာကြည့်တိုက်များအတွက် စာအုပ်များလှူဒါန်းပေး

မော်လမြိုင် ဒီဇင်ဘာ ၃၁

မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင် (မွန်ပြည်နယ်)မှ  မော်လမြိုင်ခရိုင် အတွင်းရှိ မြို့နယ်၊ မြို့များ၏ စံညီစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Center) တွင်  ကျင်းပခဲ့ကြောင်း သိရသည်။

လှူဒါန်းပေးအပ်ပွဲတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း (မွန်ပြည်နယ်)မှ ဥက္ကဋ္ဌ ဦးချိုချိုက  မော်လမြိုင်ခရိုင်အတွင်းရှိ   ရပ်ကွက်၊ ကျေးရွာ  စံညီစာကြည့်တိုက်များအတွက်  စာအုပ် လှူဒါန်းပေးရခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများသည် စာအုပ်၊ စာပေမှ အသိပညာရရှိစေလို ကြောင်းနှင့် ပြည်သူများ စာများများဖတ်မှသာ စာပေမှရရှိသည့် အသိပညာဗဟုသုတများ  ပြန်လည် မျှဝေပေးစေလိုသော ရည်ရွယ်ချက်များဖြင့် စာအုပ်များကို လှူဒါန်းပေးရခြင်းဖြစ်ကြောင်း အမှာ စကားပြောကြားပေးပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးများအား မြန်မာနိုင်ငံ စာကြည့်တိုက်များ  ဖောင်ဒေးရှင်း(မွန်ပြည်နယ်)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က တစ်မြို့နယ်လျှင် အုပ်ရေ (၂၀၀)စီ ပေးအပ်လှူဒါန်းသည်။

ထို့နောက် မွန်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (တာဝန်ပေး)   ဒေါ်စမ်းစမ်းနွယ်က   စာကြည့်တိုက်များ     ရေရှည်တည်တံ့    ခိုင်မြဲစေရေးအတွက်  စာကြည့်တိုက် ကော်မတီဝင်များ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းနှင့် မြို့နယ်များအလိုက် စံညီစာကြည့်တိုက်များအတွက် စာအုပ်များ လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်စကားပြန်လည် ပြောကြားကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)