ရန်ကုန် ဒီဇင်ဘာ ၃၁
ပြန်ကြားရေးဝန်ကြီးဌာန၏ စီစဉ်ပေးမှုဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦး မိသားစုတို့က လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ တို့ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အလွှာ(၁၀)လွှာ ဖြစ်သော အုပ်ချုပ်/ဖြန့်ချီအလွှာ၊ ဗီဒီယိုအခြေခံအလွှာ၊ ဇာတ်လမ်းဇာတ်ညွှန်းအလွှာ၊ အဓိက သရုပ်ဆောင်အလွှာ၊ တည်းဖြတ်အလွှာ၊ ပြဇာတ်နှင့် နောက်ခံတေးဂီတအလွှာ၊ ဒါရိုက်တာ အလွှာ၊ ထုတ်လုပ်သူများအလွှာ၊ ဇာတ်ပို့ဇာတ်ရန်အလွှာနှင့် စက်မှုအလွှာတို့မှ အစည်းအရုံး ဝင်များကို ယမန်နေ့ နံနက်ပိုင်းတွင်မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ ပေးအပ်လှူဒါန်းကြ သည်။
အဆိုပါ ပေးအပ်လှူဒါန်းရာတွင် မြန်မာနိုင်ငံ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များအား တစ်ဦးလျှင် ဆန်(၁၂)ပြည်၊ အိတ်တစ်အိတ်၊ ဆီတစ်လီတာတစ်ဘူး၊ ပဲတစ်ပိဿာ၊ ဆားတစ်ပိဿာတို့ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအလွှာ (၁၀ အား ဒီဇင်ဘာ (၃၁)ရက်နေ့အထိ ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။
ထိုသို့လှူဒါန်းရာတွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဝင်များအတွက် စာဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ လှူဒါန်းရာ စုစုပေါင်း လှူဒါန်းမှုမှာ စားသုံးဆီတစ်လီတာဘူး ၁၆၉၀ ဘူး၊ ပဲပိဿာချိန် ၁၆၉၀၊ ဆန် ၁၂ ပြည်အိတ် ၁၆၉၀ နှင့် ဆားပိဿာ ၁၆၉၀ တို့ကိုပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)