ရန်ကုန် ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသော အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ကျောင်းသူများနှင့် အသက်၁၈နှစ်အထက် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းပေးကို ယမန်နေ့နံနက်၉နာရီမှ စတင်ကာထိုးနှံပေးလျက်ရှိသည်။
ကျောင်းသားကျောင်းသူများအား အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂၄)မူလွန်ကျောင်းတို့တွင်လည်းကောင်း၊ပြည်သူ များအား စုရပ်များဖြစ်သည့် မြို့ဦးစေတီ၊ မင်္ဂလာအေးကျောင်းတိုက်တို့တွင်လည်းကောင်း ဆက်လက်ထိုးနှံပေးရာ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ကျောင်းသားကျောင်းသူ( ၂၁၂) ဦးနှင့် အသက်၁၈နှစ်အထက် ပြည်သူ(၃၅၀)ဦးတို့အား ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး အသက် ၁၈ နှစ်အထက် ပြည်သူ(၇၈၀) ဦးအား ဒုတိယအကြိမ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)