အမြို့မြို့အနယ်နယ်သတင်းများ

Jan 02,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄  ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
Jan 02,2022
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ်အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဇန်နဝါရီ ၁ ရက်နေ့မှ စတင် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
Jan 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌(၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယပြိုင်ပွဲနှင့် ဉာဏပြိုင်ပွဲများကို ကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ စုဝေးကွင်းတွင် ကျင်းပပြုလုပ်သည်။
Jan 02,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၂ခု နှစ်ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း​ စောင်များကို ကျိုက်မရော မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးမှူးနှင့် ဝန်ထမ်းများကယနေ့နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံ လမ်းဝများနှင့် စျေးများတွင်ပြည်သူများလေ့လာဖတ်ရူနိုင်စေရန်လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
Jan 02,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်  ပွင့်ဖြူမြို့နယ်တွင်   ကျောင်းသား/ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ အေးချမ်းပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားနိုင်ရန်အတွက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈နာရီအချိန်က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားကွင်းတွင် စတင်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။  
Jan 02,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပု​တောမြို့နယ် ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု  ရေငံသရက် ကုန်းကျေးရွာ ဘောလုံးအားကစားကွင်းတွင် ကရင်သက္ကရာဇ်  ၂၇၆၁ခုနှစ် (၇၇)ကြိမ်​မြောက်  ကရင်အမျိုးသား နှစ်သစ်ကူးပွဲ​​တော်အကြို​နေ့ အခမ်းအနားကို  ယမန်​​နေ့  ည​နေ  ၆ နာရီ အချိန်က ကျင်းပခဲ့​ကြောင်း သိရသည်
Jan 02,2022
ကရင်သက္ကရာဇ် ၂၇၆၁ခု နှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်း အနားကို မြဝတီမြို့ ကရင်အမျိုးသားထာဝရနှစ်သစ်ကူးကွင်းတွင် ယနေ့နံနက် ၆ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်သည်။
Jan 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က (၇၄)နှစ်မြောက် လွတ် လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။