တွံတေး ဇန်နဝါရီ ၂
ရန်ကုန်တိုင်းသေကြီး၊ တွံတေးမြို့နယ်၌ ပြည်သူအများ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေး၊ ဗိုလ်ချုပ်လမ်း၊ရွှေဆံတော်ဘုရားလမ်းမကြီးတို့၌ ပြန့်ကျဲနေသော အမြဲတမ်းစျေးရောင်းနေသည့် စျေးသည်များတစ်နေရာထဲမှာ တစ်စုတစ်စည်းဖြင့် စည်းကမ်းတကျ ရောင်းချရေး၊ စားသုံးသူ ပြည်သူအများ ကိုယ့်ဝယ်ယူလိုသော စားသုံးကုန်များ တစ်နေရာထဲမှာ ကြိုက်နှစ်သက်ရာကို စားသုံးနိုင်ရေး ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ တွံတေးမြို့ မင်းရဲကျော်စွာလမ်းမကြီး (ကမ်းနားနာရီစင်)တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ညနေ့(၃)နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
တွံတေးမြို့ ဗိုလ်ချုပ်လမ်း၊ ရွှေဆံတော်ဘုရားလမ်းဘေးတွင် အမြဲစျေးရောင်းချနေသူများအား တစ်နေရာထဲ တစ်စုတစ်စည်းရှိစေရန်၊ စားသုံးသူများ ကိုယ့်ကြိုက်နှစ်သက်ရာ ဝယ်ယူစားနိုင်နိုင်ရန်၊ စည်းကမ်းတကျ ရှိစေရန်အတွက် ဆိုင်ခန်း(၅၈)ခန်းကို မဲစနစ်ဖြင့် နေရာချထားပြီး စျေးရောင်းချသူများနေရာ ဆိုင်ခန်းခပေးရန်မလိုကြောင်း သိရသည်။
စျေးဆိုင်ခန်းများအတွက်ရေ၊ မီးအစုံဆောင်ထားပြီး အဆိုပါ ညစျေးတန်းကို နေ့စဉ်ညနေ(၃) နာရီမှ ည(၉)နာရီအထိ ဖွင့်လှစ်ရောင်းချခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား