အမြို့မြို့အနယ်နယ်သတင်းများ

Jan 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး အသိပညာပေး  Talk Show ဆွေးနွေးပွဲကို ဇန်နဝါရီ ၂ ရက် က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Jan 02,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community Centre)  ခန်းမ၌ ယမန် နေ့လည် ၁၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့် ကျန်းမာရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Jan 02,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့အခြေခံပညာအထက်တန်းကျောင်း(ခွဲ)စျေးတန်း၌ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီ စာကုံး ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကိုယနေ့နံနက်၁၁နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
Jan 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ (၂၃)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပွဲကို ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ဇန်နဝါရီလ ၂ ရက်နေ့ ည ၇ နာရီ   အချိန်က စတင်ထိုးသတ် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
Jan 02,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလွတ် တန်း(၂) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန Community Center ရှိ ပိုက်ကျော်ခြင်းကွင်းတွင် ယနေ့နံနက်ပိုင်းမှ စတင်ပြုလုပ်ခဲ့သည်။
Jan 02,2022
ဇန်နဝါရီ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူး​ပေါင်းကာ အားကစားနည်းများအလိုက် ဇန်နဝါရီ(၁)ရက်မှ (၄)နေ့ထိ ကျိုက်ထိုမြို့၊ ဖက္ကလိပ် ကျေးရွာရှိ အောင်ဆန်းအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ရာ ဇန်နဝါရီ ၁ ရက်မှ စတင်ပြီးပွဲစဉ်  ပထမရက်အဖြစ် ပါဝင်ယှဉ်ပြိုင်ရမည့်  ဌာနဆိုင်ရာများအား သတ်မှတ်ကစားနည်းများအလိုက် ကျင်းပ​ပေးမည်ဖြစ်သည်။
Jan 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ် စာရေးဆရာအသင်း သက်ကြီးပူဇော်ပွဲနှင့် နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက မြန်အောင်မြို့ ရသအောင်မြေစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 02,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှအသက်(၂)အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လမိုင်းမြို့ ကျေး လက်ကျန်းမာရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။