ဖောင်းပြင်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်

ဖောင်းပြင်   ဇန်နဝါရီ    ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယပြိုင်ပွဲနှင့် ဉာဏပြိုင်ပွဲများကို ကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ စုဝေးကွင်းတွင် ကျင်းပပြုလုပ်သည်။

ထိုသို့ဆုများချီးမြှင့်ပေးခဲ့ရာ ဉာဏပြိုင်ပွဲအနေဖြင့် ပြုလုပ်သော အထက်တန်း၊ အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲအတွက် ပထမ၊ ဒုတိယ၊ တတိယဆု၊ ကာယပြိုင်ပွဲအနေဖြင့် ပြုလုပ် သော ကျား/မလွန်ဆွဲပြိုင်ပွဲ၊  ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ မီတာ(၁၀၀) အပြေး ပြိုင်ပွဲ၊ မီတာ(၁၀၀) လက်ဆင့်ကမ်းပြိုင်ပွဲ၊ မီတာ(၁၀၀) ဆီမီးထွန်းပြိုင်ပွဲ၊ မီတာ(၁၀၀) အပ်နှဖားထိုးပြိုင်ပွဲ၊ မီတာ(၁၀၀) အာလူးကောက်ပြိုင်ပွဲ၊ မီတာ(၅၀) ဂုန်နီ အိတ် စွပ်ပြိုင်ပွဲအတွက် ပထမ၊ ဒုတိယ၊ တတိယဆုများကို အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်မောင်နှင့် ကျောင်းအကျိုးဆောင်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများက အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)