ဆားလင်းကြီး ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ်အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဇန်နဝါရီ ၁ ရက်နေ့မှ စတင် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများနှင့် အားကစား ဝါသနာပါသူများအားလုံ ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် ပူးပေါင်းကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြို့နယ်အတွင်းမှ ပြိုင်ပွဲဝင် အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိခဲ့သည့် အသင်းများအား ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။
ဥမ္မာခိုင်