မာန်အောင်မြို့နယ် ရှင်သာမဏေစောင့်ရှောက်ရေးအဖွဲ့မှ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်များအား ဆေးပစ္စည်းနှင့်လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်း

မာန်အောင်  ဇန်နဝါရီ   ၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရှင်သာမဏေစောင့်ရှောက်ရေးအဖွဲ့သည် ဒီဇင်ဘာလ ၅ရက်နေ့ က မြို့မကျောင်းကြီး၌ သံဃာတော် ၆ပါး၊ ရှင်သာမဏေ ၃ပါးနှင့် သီလရှင် ၇ပါး အားဆေးပစ္စည်းနှင့် လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ယနေ့ညနေ ၂နာရီတွင် မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်ရှိ သံဃာတော် ၃ပါး၊ ရှင်သာမဏေ ၄ပါးနှင့် သီလရှင် ၂ပါးတို့အား ဆေးပစ္စည်းနှင့် လှူဖွယ်ဝတ္တုများကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ဓမ္မရောင်ခြည်ဓမ္မဒါန ဖောင်ဒေးရှင်း (ရန်ကုန်)မှ ဦးဆောင်၍  မြို့နယ်များတွင် ဖွဲ့စည်းထားသောအဖွဲ့ဖြစ်ပြီး ရှင်သာမဏေများ၏ ပညာရေး ကျန်မာရေးစောင့်ရှောက်ရန်၊ ရှင်သာမဏေစောင့်ရှောက်ရေး လုပ်ငန်းတိုးတက်ရာ တိုးတက်ကြောင်း ဆောင်ရွက်ရန်၊ အလှူငွေပဒေသာပင်တိုးပွားရရှိရေး ဆောင်ရွက်ရန်၊ လုပ်ငန်းလိုအပ်ချက်များ ကြီးကြပ်ခြင်း လမ်းညွှန်ခြင်း အကြံပြုခြင်းဆောင်ရွက်ရန်၊ ရှင်သာမဏေများတွင် ပေါ်ပေါက်လာသော ကိစ္စရပ်များအား ဖြေရှင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း သိရသည်။

သိန်းဖေ