တာချီလိတ် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာ စေရန်နှင့် မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူချွန်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အထက (တာချီလိတ်) ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျပန်းစကားပြောပြိုင်ပွဲကို “(၇၄)နှစ်မြောက်မှသည် ထောင်စုနှစ်များဆီဦးတည်လို့ လွတ်လပ်ရေးအမွေကို ထိန်းသိမ်းကြပါစို့ ”ခေါင်းစဉ်နှင့် “လွတ်လပ်ရေးကိုအခြေတည် ပြည်ထောင်စုဖွားသွေးချင်းများ သွေးစည်းချစ်ကြည် လက်တွဲညီကြမည်” ခေါင်းစဉ်ကျင်းပရာ အခြေခံပညာအလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)