Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် အထက (၁၈) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jan 03,2022
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ် ပြန်/ဆက်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန ပံသု ကျီခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Jan 03,2022
မြန်မာ့လွတ်လပ်ရေး သမိုင်းကြောင်းကိုသိရှိစေပြီး အလေးထား တန်ဖိုးထားတတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ကာ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်ကို ယမန်နေ့ ၊ နံနက်ပိုင်းက အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘောဂလိမြို့အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ သတင်းအချက်အလက်များအား အသိပေးခြင်းဆောင်ရွက်
Jan 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့အတွင်းရှိ မိဘပြည်သူများအား သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည်နှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အိုမီခရွန် (Omicron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြု ကာကွယ်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီတွင် ရပ်ကွက်နှင့် ကျေးရွာများသို့ တိုက်တွန်းနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်း စာစောင် ဖြန့်ဝေ
Jan 03,2022
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့မ စျေးကြီးအတွင်းရှိ စျေးသည်များအား ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ၂၀၂၂ ခုနှစ် ဇန်နဂါရီလ ၄ ရက်နေ့တွင် ကျရာက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံ-ဆိပ်ကမ်းမြို့နယ်အတွင်းရှိ ပြည်သူများအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိ နားလည်စေပြီး အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးများကို စတေးကာ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန် နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက ဌာနမှထုတ်ဝေသည့် ၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် " (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ " အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်း စာစောင်များကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ စျေးများ၊ လက်ဖက်ရည်ဆိုင်များ၊ Book Club အဖွဲ့၀င်များ၊လမ်း လူစည်ကားရာနေရာတို့တွင် ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23273
Page
23274
Page
23275
Page
23276
Current page
23277
Page
23278
Page
23279
Page
23280
Page
23281
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department