အုတ်ဖို ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများနှင့် ကျပန်စကား ပြောပြိုင်ပွဲကို အခြေခံပညာကျောင်းများတွင် ကျင်းပလျက်ရှိရာ ယနေ့ နံနက်၈ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)လွှစင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲမစတင်မီ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား ကျောင်းသူများ ပူးပေါင်းဆောင်ရွက် လိုစိတ်ရှိခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်စေခြင်း၊ စည်းလုံးညီညွတ်မှုရှိစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေရန်အတွက် အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အားကစား စိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်သွားကြစေရေး ရှင်းလင်းပြောကြားသည်။ ထို့နောက်ကျ ပန်းစကားပြော ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပရာ မီတာ(၁၀၀)အပြေး၊ ထုတ်စီးထိုး၊ အားလူးကောက်နှင့် ပူပေါင်းဖောက်ပြိုင်ပွဲများတွင် အတန်းတိုင်းမှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား ကျောင်းသူမျာအား ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ