အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2022
၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်း၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဆင်ပေါင်ဝဲ မြို့နယ်ရုံး (Community Centre)ခန်းမ၌ ကျင်းပသည်။
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (Omicron)ရောဂါပိုးအကြောင်း ပြည်သူများသတိပြု သိရှိလိုက်နာစေရန်အတွက် ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့ နံနက်ပိုင်းက (၇၄)နှစ် မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုင်းပျဉ်းမြို့အခြေခံပညာ အထက်တန်း ကျောင်းနှင့် မိုင်းပျဉ်းမြို့မစျေးတို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jan 03,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉  နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ ကျောင်းသူ/ကျောင်းသားများနှင့် ဒေသခံပြည်သူများထံသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jan 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဌာနဆိုင်ရာပေါင်းစုံ အားကစားပြိုင်ပွဲများကို တတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းက ပြည်သူ့အားကစားကွင်းတွင် ဆက်လက်ကျင်းပခဲ့သည်။
Jan 03,2022
ပဲခူးတိုင်း​ဒေသကြီး၊ ​ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့ တွင် ကျရောက်မည့် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို အားကစားခန်းမ၌ ဇန်နဝါရီ ၂ရက် ယမန်နေ့ နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ တလိုင်းခုံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် (၈၄)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။