ဆင်ပေါင်ဝဲမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကျင်းပ

ဆင်ပေါင်ဝဲ   ဇန်နဝါရီ  

၂၀၂၂ ခုနှစ် ဇန်နဝါရီလ()ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်း၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ကို ယနေ့နံနက် ()နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဆင်ပေါင်ဝဲ မြို့နယ်ရုံး (Community Centre)ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက ဆင်ပေါင်ဝဲမြို့အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကိုသိရှိပြီး အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်၊ သွေး၊ ချွေးများကို စတေးကာရယူပေးခဲ့သည့် လွတ်လပ်ရေးကို အစဉ်အမြဲ တန်ဖိုးထား တတ်စေရန်အတွက် ရည်ရွယ်၍ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေးဌာန၊ လက်ထောက် ပညာရေးမှူး ဦးဝင်းနိုင်က လွတ်လပ်ရေးဆုံးရှုံးမှုကြောင့် ရင်ဆိုင် ကြုံတွေ့ခံစားရသည့် အဖြစ်အပျက်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ အသက်၊ သွေး၊ ချွေးပေါင်းများစွာဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည့် အခြေအနေများ၊ လွတ်လပ်ရေးကို အလေးထား တန်ဖိုးထားကာ လွတ်လပ်ရေးပြန်လည် မဆုံးရှုံးစေရန် မျိုးချစ်စိတ်ဓာတ်များ၊ ပြည်ထောင်စု စိတ်ဓာတ်များ ရှင်သန်ထက်မြက်ပြီး ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအတွက် အသိပညာပေး လုပ်ငန်းများကို Online မှတစ်ဆင့် လစဥ်အရှိန်အဟုန်မပျက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ချိုချိုဝင်း(ပြန်/ဆက်)