မိုင်းပျဉ်းမြို့တွင် (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်ဖြန့်ဝေ

မိုင်းပျဉ်း ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့ နံနက်ပိုင်းက (၇၄)နှစ် မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုင်းပျဉ်းမြို့အခြေခံပညာ အထက်တန်း ကျောင်းနှင့် မိုင်းပျဉ်းမြို့မစျေးတို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် လွပ်လပ်ရေးနေ့နှင့် ပတ်သက်သော ဗဟုသုတများ၊ လွတ်လပ်ရေးကဗျာများ၊ လွတ်လပ်ရေးနေ့၏ အမျိုးသားရေး ဦးတည်ချက်များ၊ ဆောင်ပုဒ် များ စသည်တို့ပါဝင်သည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး အနေဖြင့် နေ့ထူးနေ့မြတ်များတွင် ထုတ်ဝေလျက်ရှိသော လက်ကမ်းစာစောင်များကို မိဘပြည်သူများ ဗဟုသုတ ရရှိ စေရန်အလို့ငှာ ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)