အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2022
မော်လမြိုင်ခရိုင်၊ ခေါဇာမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါကြိုတင် ကာကွယ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့အရံမီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ ၌ မွန် မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်သည်။
Jan 03,2022
သိန္နီမြို့နယ်၌ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
Jan 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်နှင့်အောက် မီနီမာရသွန် အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြသည်။
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက အခြေခံအမကမြောက်ပိုင်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 03,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ရှိ လေယာဉ်ကွင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အတွက် ယာယီဖွင့်လှစ်ထားသည့် ပျံကျဈေးကို မြို့မဈေးကြီးဧရိယာအတွင်းသို့ ယနေ့ နံနက်ပိုင်းမှစတင်၍ ပြန်လည်ပြောင်းရွှေ့ ဖွင့်လှစ်ပေးခဲ့သည်။
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်ကို ယနေ့ နံနက်ပိုင်းက (သဲကုန်း) အခြေခံပညာ အထက် တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
Jan 03,2022
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ၌ ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို နံနက် ၁၁ နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Jan 03,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကော့ကရိတ်မြို့မအားကစားကွင်း၌ ကျင်းပသည်။